ငယ်ငယ်က အဖေ့လက်မောင်းကို
ခိုစီးနေကျဆိုတော့....
ဒီလက်မောင်းအားနဲ့ဆို
အရာရာကို ပိုင်စိုး
သည်လို စိတ်ကူးတိမ်တိမ်မျိုးနဲ့
အိမ်သခင်အဖေ့ကို အားကျခဲ့
ငါဟဲ့ ယောကျာ်းပေါ့...။
အဖေ့ရဲ့ အားကောင်းမောင်းသန်မှုမှာ
တစ်ခါတစ်ရံ မိသားစုရန်ပွဲ
အမေ့ရဲ့သည်းခံခြင်းဇွဲနဲ့
ကျော်လွှားရန်စဲခဲ့ရတာ အကြိမ်ကြိမ်
ရေတိမ်တိမ်မှာနစ်ရမယ့် မိသားစုဘဝ
အခါခါ ကယ်ခဲ့ရ
လမ်းပြကြယ်လေးဟာ အမေ...။
ဘယ်အရာက အခက်
ဘယ်အရာက အလွယ်
အသိကြွယ်ကြွယ် အရွယ်ရောက်
ကိုယ့်စိတ်ကို ကိုယ်တံခါးပြန်ခေါက်လာနိုင်တော့....
ငယ်ငယ်တုန်းကတော့
အဖေ့ကိုအားကျ.... နောင်တ
အခုတော့
အမေမှအမေ။ ။
သစ်ခက်အိမ်
No comments:
Post a Comment