Wednesday, December 7, 2011

လမင်းအိပ်မက်




ရွှေလင်ပန်းနဲ့ ဆီဆမ်းဟာ
လမင်းကြီးဆီမှာ
မယုံနိုင်ပါ သားသားသိ
လပေါ် စားစရာမရှိ။

ယုန်ပိစိလေး ဆော့ကစားကာ
အဘိုးအို ဆန်ဖွပ်တာ
မဖြစ်နိုင်တာ သားသားသိ
လပေါ် တောင်တန်းရှိ။

သားသားသိတဲ့ လမင်းဟာ
ဂြိုလ်ကြီးတစ်လုံးပါ
နောင်အခါ အရောက်သွား
သားသားဆန္ဒပွား။

လပေါ်တက်လို့ အောင်ပွဲယူ
နိုင်ငံ့အလံထူ
ဂုဏ်ယူချင်တယ် မြန်ပြည်သား
သားသားဇာနည်ဘွား။      ။

သစ်ခက်အိမ်

No comments:

Post a Comment