ငါတို့တွေ သာမန်အခြေအနေတစ်ခုမှာ
သဘာဝ စိတ်ရင်းအတိုင်းဆိုရင်
ကိုယ့်ခေါင်းကို သူတစ်ပါးအကိုင်ခံနိုင်ပါ့မလား။
ငါကစလို့ ဘာကြောင့်ဆံပင်တွေကို
ပုံစံတကျ ညှပ်ချင်ကြလဲ....
အတတ်ပညာတစ်ခုရဲ့ စက်ကွင်းထဲမှာ
ငါတို့ဆန္ဒမပါတဲ့ ဆံပင်တွေ
ဖွားကနဲ..ဖွားကနဲ စနစ်တကျ။
ဒီထိုင်ခုံပေါ်ကို ထိုင်မိမှတော့
ဒီခြုံထည်ကို ခြုံလိုက်ရတော့မပေါ့
နေပုံအချိုးအစားက သူနဲ့အလိုက်အထိုက်
ငုံ့ဆိုငုံ့လိုက် စောင်းဆိုစောင်းလိုက်
ငါ့ဦးခေါင်းတစ်ဝိုက်မှာတော့
ဓား၊ ကပ်ကြေးတွေ ပိုက်စိပ်တိုက်။
ဆုံလည်ခုံကို လှည့်လိုက်တဲ့အခါ
သူဟာ...ငါ့ရဲ့ရှေ့မှာ နောက်မှာ ဘေးဝဲယာမှာ
ငါ့ခနာသာ အခါခါလည်ပတ် ရင်တလှပ်လှပ်နဲ့ပေါ့
သူကတော့ ရပ်တဲ့နေရာကမရွေ့
ငါ့ကိုသာ သူလိုရာရွှေ့ရွှေ့နေတော့တယ်။
သူ့လက်တံရှည်များရဲ့ မောင်းနှင်အားမှာ
ခါးညောင်းဇက်ညောင်း ခေါင်းမခါရဲဘူး
ဓား၊ ကပ်ကြေးတွေ စူးမှာကြောက်ရ
ငါ့ကိုတူးဆွနေတုန်း ကတုံးဖြစ်သွားမှာ ကြောက်ရနဲ့ပေါ့။
ဘ၀...ဘ၀...ဘဝ
ကိုယ့်ဆံပင် ကိုယ်ညှပ်လို့မရ
ဒေါသ...ဒေါသ...ဒေါသ
သောက...သောက...သောက
ဘာမှလဲမတတ်နိုင်
ရင်တမမနဲ့ ဒီခုံပေါ်ထိုင်နေခဲ့ရတယ်။
သဘာဝလို့ ဖြစ်နေလို့သာ
တကယ်က...အထာမကျလှဘူး
ငါတို့ဦးခေါင်းတွေက ဆံညှပ်ဆရာလက်ထဲမှာ။
သစ်ခက်အိမ် ( June , Beauty မဂ္ဂဇင်း)
(ဆဌမအကြိမ် ရွှေအမြုတေစာပေဆု ကဗျာဆုရကဗျာ)
ကျွန်တော်တို့် ခေါင်းတွေ ဆံညှပ်ဆရာလက်ထဲ ရောက်နေရတဲ့ အဖြစ်တွေကို လူတိုင်း သဘောပေါက်ကြဖို့ ကောင်းတယ်ဗျာ
ReplyDeletehi impressive blog.
ReplyDeleteWe have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog