Friday, December 2, 2011

ဖိတ်စာ

ဘို့ကလေး တသသ...ချိုကလေး တမြမြ
အခုလို ရာသီဥတုမျိုးမှာ
လွင့်သွားတတ်တဲ့ လိပ်ပြာတွေဆီ
ဖိတ်စာတွေ ၀ဲပျံလာတတ်တယ်။
အမျိုးအစားက
လက်တစ်ဖက်က ပခုံးသား
လက်တစ်ဖက်က တစ်ဆုံးဓား
အတ္တနဲ့ တည်ခင်းမှု အချိုးအစားက
မီးစ၊ ရေမှုတ် ရှော့ခ်တွေ မရှုပ်ခင်
ခြေလှမ်းပြင်ရပြန်ပေါ့။
ရောက်တော့...ချထားတဲ့ ခွက်ထဲ
ငါရှာထားတဲ့ အတ္တတွေထည့်
ပြီးတော့...ပြန်လှည့်ပေါ့။
ပွဲပြီး မီးမသေတဲ့ ဟန်အပြည့်နဲ့
ပြန်ကမ်းလက်ဆောင် တစ်ပွေ့တစ်ပိုက်များက
လည်ပတ်တစ်ခုရဲ့ ယဉ်ပါးမှုတွေ...
ငါကလည်း...
လက်ခုပ်မတီးဘဲ ပြန်လာရုံကလွဲပြီး....။
သစ်ခက်အိမ် 
( December, 2010....ပိတောက်ပွင့်သစ်မဂ္ဂဇင်း )

No comments:

Post a Comment