သားရေပင်လေးတွနဲ့ ဆော့ကစား
သားလေးပျော်ရွှင်။
သားလက်ထဲက သားရေပင်
ဟိုချိတ် ဒီငင်
ကြယ်စင်ပုံဖြစ်....
တစ်ပင်နဲ့တစ်ပင်လိမ်
တစ်လိမ် နှစ်လိမ် သုံးလိမ်
အိမ်ဖြစ်သွား...
ပြီးတော့... စိန်သွား
ပြီးတော့... ဓားသွား
အမျိုးအစားစုံပေါ့...။
တကယ်တော့...
သားလက်ခံ ချိတ်ဆက်နေလို့သာ
ရုပ်ပုံလွှာတွေအဖြစ် အသက်ဝင်
သားမဆော့ချင်တော့တဲ့အခါ
သားလက်ကလေးကို ခါချကြည့်လိုက်
သားရေပင်လေးတွေဟာ
ဘာပုံရိပ်မှ ထင်မနေရစ်တော့...
အဲဒါပါပဲသား....
အဖေတို့ကမ္ဘာရဲ့ အနာဂါတ်နေ့ရက်တွေဟာ
သားတို့လက်ထဲမှာ...။
ပြောမယ့်သာပြောရတာ
ခုတောင် သားလက်နုနုလေးတွေဟာ
သွေးခြေနီနီတွေ ဥနေပါပေါ့....။
သစ်ခက်အိမ်
အောက်တိုဘာ ဗြူးတီးမဂ္ဂဇင်း
No comments:
Post a Comment