Monday, December 5, 2011

ဇုန်





တစ်မြေတည်းနေ
တစ်ရေတည်းသောက်ခဲ့ပေမယ့်
တောက်ပနေတဲ့မင်းကို
သူငယ်ချင်းဆိုပြီး လည်ပင်းမဖက်နိုင်။

အိမ်ကြက်ချင်း အားမပါမှာစိုး
ငါ့မျက်နှာ ငါအိုးမဲသုတ်
ပြုတ်အိုးထဲရောက်မှာ ကြောက်သလို...
မုန်ယိုတဲ့ဆင်၊ မာန်ဖီတဲ့ကျား
ဒီလိုအားမျိုးတွေနဲ့ မင်းကိုဧည့်ခံ
ဒါဏ်ရာတွေကလည်း နှစ်ဦးနှစ်ဖက်
ချွေးစက်က အက်ဆစ်တွေဖြစ်
လောင်ကျွမ်းပစ်ဖို့ ဆန္ဒတွေဆူပွက်
လျှံတက်လာတဲ့ မီးရမ္မက်
ပြိုင်ဖက်မင်းကို
မနှစ်လို၍ မဟုတ်။

ယုံဖို့မလွယ်တဲ့ အဖြစ်
ညီအစ်ကိုတမျှ အချစ်
စွန့်ပစ်ခဲ့တဲ့ငါ့ကို
အပြစ်ဆိုချင် ဆိုကြ
တစ်လောကလုံး စိတ်ကုန်ချင်လည်းကုန်
ငါ့ဘ၀ အဖုံဖုံကို 
ဘောလုံးတစ်လုံး ငုံပြီးပြောရရင်
တန်းဆင်းဇုန်ထဲမှာ....။        ။


သစ်ခက်အိမ်


No comments:

Post a Comment