Wednesday, December 14, 2011

ရောင်ပြန်





ညအခါ
လသာသာ။

လဟာ ကန်ရေပြင်ထဲငုံ့ကြည့်
ပီတိနဲ့ ထည်ဝါ
တယ်ခန့်ညားတဲ့ ငါ...တဲ့
တိမ်ရင်ခွင်မှာ မြုပ်
ကြယ်တစ်ဆုပ် ၀န်းရံ
အလင်းပြန် ပုံရိပ်
ဒီနိမိတ်က စိတ်ကျေနပ်စရာ။

ဖိုးရွှေလမင်း
အလင်းတု အဆင်းကို
ထင်းထင်းကြည်လင်
မြင်ရခြင်းက
စင်းစင်းငြိမ်သက်
ရေပြင်ထက်သို့
ခဲတစ်လုံး ကျမလာခင်ထိသာ။

သစ်ခက်အိမ်

No comments:

Post a Comment