Friday, December 2, 2011

ထောင်စုနှစ်တစ်ခုဆီက ဖုန်းခေါ်သံ

 
ကျောက်တုံးတွေကို တွန်းတင်ဖို့
လိုအပ်တဲ့ ချွေးစက်များအတွက်
... ကျောပြင်ပေါ် ထွန်ယက်ဖို့
ကြာပွတ်နှင်တံ လိုအပ်ခြင်းကို
ပြားချပ်နေပြီဖြစ်သော ကမ္ဘာကြီးက
ခမ်းနားထည်ဝါစွာ ငြင်းပယ်ခဲ့ပြီး။

ဟန်းဖုန်းတစ်လုံး ခါးချိတ်ထားတယ်
ဖုန်းမြည်သံ အသံဆန်း
ရွှမ်း....ရွှမ်း....ရွှမ်း
ဧရိယာပြင်ပမှာ မလန်းတတ်တော့တဲ့
ငါတို့ဟာ... ဟလို... ဟလိုနဲ့ ကျေကျေနပ်နပ်
ဒြပ်ထုမဲ့ကြာပွတ်များရဲ့ ၀ိညာဉ်နှင်သံမှာ
ငါတို့ကျောပြင်တွေ အသင့်အနေအထား
နည်းပညာဒလိမ့်တုံးများထဲ ပုန်းနေတဲ့
ကျောက်တုံးတွေကို တွန်းတင်ဖို့လေ...။       ။
 
 
သစ်ခက်အိမ်
ပိတောက်နွယ်မဂ္ဂဇင်း ( နိုဝင်ဘာလ...၂၀၁၁)
 

No comments:

Post a Comment