Friday, December 2, 2011

ရွာဘတ်(စ်)

အနံ့ထောင်းထောင်းထ ဒရိုင်ဘာ
စတီယာတိုင်ကို လှည့်လိုက်ယမ်းလိုက်
ဂိုက်ဆိုဒ်က ရှူးမေကာ
ဆန်ကောထဲက ဆီးဖြူသီးဆိုတာ
ဘာဟုတ်သေးလဲ ငါတို့
ပျို့တက်လာသမျှ ပြန်မျိုချ
အခံရခက်ပေမယ့်
အန်ချမိတာထက် ပိုသက်သာတဲ့ရွာဘတ်(စ်)
လမ်းခုလတ်နားရင်လည်း ကြာ
ဘယ်ကာလမှာရောက်မလဲ မြို့
ဆို့တက်လာတဲ့ လည်ချောင်းဝကစကား
လျှာဖျားမှာတင် အရည်ပျော်သွားတယ်
ဘတ်(စ်)ကားရဲ့ တစ်နေရာ
ဆေးနီနဲ့ရေးထားတဲ့စာ
ရောက်ချိန်မေးခြင်း သည်းခံပါတဲ့
ကျုပ်လေ...
လက်ကိုင်တန်းကို တင်းတင်းဆုပ်လိုက်မိရဲ့။        ။

သစ်ခက်အိမ်  (August, 2011..မဟေသီမဂ္ဂဇင်း)

No comments:

Post a Comment